ကျွန်းလှ စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မဒေါင်ကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း (မြန်မာဆယ်မာအူးလ်အွန်ဒုံ) ဆေးပေးခန်းတည်ဆောက်မှု (၉၀)ရာခိုင်နှုန်းပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုကျေးရွာဆေးပေးခန်း (အလျား၂၇ ×အနံ၁၈× အမြင့်၁၂) ပေ အုတ်ညှပ်တစ်ထပ် အဆောက်အဦးကို စီမံကိန်းရန်ပုံငွေကျပ် (၁၂၀)သိန်းဖြင့် ကျေးရွာစီမံကိန်းကော်မတီများ ကြီးကြပ်ပြီး ဆောက်လုပ်ကြောင်းသိရသည်။
အဆိုပါကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် သိန်း (၃၀၀)ဖြင့် လူနေမှုဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဝင်ငွေတိုးပွားရေး၊ ကဏ္ဍကြီး(၃)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)