ဗန်းမောက် စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့်ပြည်တွင်းကူးစက်မှုများ များပြားလာသည့်ကာလ၌ မြို့နယ်အတွင်းရှိ ကျွဲကောကြီး အုပ်စု၊ ဆင်ကန်ကျးရွာ ဗန်းမောက်-အင်းတော် ကားလမ်းဘေးတွင် ဖွင့်လှစ် ထားရှိသော KTV ဆိုင်အား ဖွင့်လှစ်ခြင်း ရှိ/မရှိ ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးမြင့်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်တင်မင်းလှိုင်၊ မြို့နယ်လက်ထောက် ဆရာဝန် ဒေါက်တာလင်းအောင်စိုး၊ မြို့နယ် စည်ပင်သာယာရေးကော်မတီမှ အငယ်တန်းအင်ဂျင်နီ ယာ (၂) ဦးကျော်စွာထက်နှင့် မြို့နယ်မှတာဝန်ရှိသူများ က ရှောင်တခင်သွားရောက် စစ်ဆေးခဲ့ ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့ရန်လွယ်ကူသည့် နေရာများဖြစ်သည့် Bor၊ Night Club၊ Ktv နေရာများအား ဖွင့်လှစ်ခြင်းမပြုလုပ်ရန်နှင့် သတ်မှတ်ထားသည့် ညွှန်ကြားချက်စည်းကမ်းများအား လိုက်နာမှုရှိစေရေး သက်ဆိုင်ရာက စစ်ဆေးကြပ်မတ်သွားရန်၊ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေသည်ကို စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြား ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် မြို့နယ်မှ ထပ်ဆင့်အသိပေးထုတ်ပြန်ထားရှိကြောင်း သိရသည်။
မေသူ(ဗန်းမောက်)