မီးလောင်မှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်

ချောင်းဆုံ      စက်တင်ဘာ   ၂၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့တွင် စက်တင်ဘာ ၁၈ ရက်နေ့ မွန်းတည့် (၁၂)နာရီအချိန် က ခရိုက်နှီးဟုကျေးရွာအုပ်စု ကွင်းကလိန်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ်အတွက် ယမန်နေ့ နံနက်(၁၁)နာရီအချိန် က  အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ် အုပ်ချုပ် ရေးမှူး ဦးမျိုးသိုက်ထွန်းနှင့်  မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ အဖွဲ့ဝင်များမှ ထောက်ပံ့ငွေနှင့် အသုံးအဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ်(၁)လုံးအတွက် မြို့နယ်ဘေး/စီမံမှ အသုံးအဆောင် ပစ္စည်းများ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးအတွက် ငွေကျပ် (၁)သိန်း၊ မီးဘေးသင့်လူဦးရေ (၁)ဦးအတွက် (၇)ရက်စာ (၂၁၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၂၁၀၀/-) ကျပ်နှင့် မြို့နယ်ကြက်ခြေနီအဖွဲ့မှ (Kitchen Set) မီးဖိုချောင်သုံးပစ္စည်းနှင့် Hygiene Kit စသည့် အိမ်အသုံး အဆောင်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)