တာချီလိတ် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ပါလျံဘုံကျောင်းခန်းမတွင် အဋ္ဌမအကြိမ်မြောက် အခြေခံလူတန်းစားများအား အခြေခံစားသောက် ကုန် များ ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့မနက် ၁၀ နာရီအချိန် က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်လှူဒါန်းရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်တို့က အမှာစကားပြောကြားခဲ့ပြီး မြို့မိမြို့ဖ တစ်ဦးမှ အခြေခံစားကုန်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများနှင့် အလှူရှင်တို့မှ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းများအတွက် အခြေခံစားကုန်များအား ထောက်ပံ့ပေးခဲ့ကြသည်။ အခြေခံလူတန်းစားများအား စားသောက်ကုန်များ ယခုကဲ့သို့ထောက်ပံ့ပေးနိုင်ရန် တာချီလိတ်မြို့ ပေါ်ရှိ မြို့မိ/မြို့ဖများ၊ ကုန်သည်ကြီးများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်ပြည်သူများမှ စုပေါင်းလှူဒါန်းခြင်းဖြစ်ကာ ယနေ့ထောက်ပံ့ လှူဒါန်းခြင်းသည် အဋ္ဌမအကြိမ်မြောက်ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုပေါင်း ၃၁၉၆ အိမ်ထောင်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ စတင်ဖြစ်ပေါ်လာချိန်မှစ၍ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များကို အခြေခံစားကုန်များ ထောက်ပံ့လှူဒါန်းလာခဲ့ကြရာ၌ ယနေ့ထိ အိမ်ထောင်စုပေါင်း (၆၃၆၃)အိမ်ထောင်စု ရှိပြီဖြစ်ကြောင်း ဆက်လက်၍ တာချီလိတ် မြို့မိမြို့ဖများ၊ ကုန်သည်ကြီးများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်ပြည်သူများက အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)