(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်း‌ရေး ဆောင်ရွက်

သံတောင်ကြီး စက်တင်ဘာ ၂၀

ကရင်ပြည်နယ်၊   သံတောင်ကြီးမြို့နယ်တွင် (၅၆)နှစ်မြောက်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် သံတောင်ကြီး မြို့ ပြည်သူ့ဆေးရုံ ပတ်ဝန်းကျင်အား  ယနေ့ နံနက်(၇) နာရီအချိန်က စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ရဲတပ်ဖွဲ့ဝင်များက ဆေးရုံပတ်ဝန်းကျင်ရှိ ချုံနွယ်မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များအား စနစ်တကျ စွန့်ပစ်ခြင်း၊‌ ရေမြောင်းများရှိ အမှိုက်များအား ဖယ်ရှား ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး အောင်ဝင်းစိန်၊ သံတောင်ကြီး မြို့မစခန်းမှူး ဒုရဲမှူး လှစိုးနှင့် မြို့နယ်အဆင့်ရဲတပ်ဖွဲ့ဝင် အင်အား(၂၀)ဦးတို့က ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာန၏  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)