လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်း အရှိန်မြင့်တင်ဆောင်ရွက်

လှိုင်းဘွဲ  စက်တင်ဘာ ၂၁

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို  လှိုင်းဘွဲမြို့ဝင်ဂိတ်တွင်  နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထို့သို့ အသိပညာလုပ်ငန်းဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေတပ်ဖွဲ့တို့က ပြည်သူများ အပြင်သွားရာတွင် နှာခေါင်းစည်းများ တပ်ဆင်ရန် အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ မြို့တွင်းသို့ ဝင်ရောက်လာသူများအနေဖြင့် နေရပ်/လိပ်စာ/သွားရောက် မည့်နေရာ/လာရောက်သည့် နေရာတို့ကို စစ်ဆေးမှတ်တမ်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)