ရန်ကုန် စက်တင်ဘာ ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ချောင်းနံဘေး ရန်ကုန်သစ်ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ဘုရင့်နောင်လမ်းအထိ မြစ်ရေများဝင်ရောက်လာခြင်း၊ စံပြရပ်ကွက် အပိုင်(၈)ရေတံခါးအထိ မြစ်ရေလျှံတက်လာခြင်းများ ယမန်နေ့နံနက်ပိုင်းက စတင်ဖြစ်ပေါ် လာခဲ့ရာ အဆိုပါမြစ်ရေဝင်ရောက်ကာ ရေကြီးခြင်းများကို တားဆီးကာကွယ်နိုင်ရေး အတွက် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များက ပြည်သူများ၏ အင်အားဖြင့် သဲအိတ်များ ကာရံတားဆီးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရဲမင်းထွန်း(ပြန်/ဆက်)