လေးမျက်နှာမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ပိုင် မြို့မသုသာန်မြေဧရိယာ (၂.၄၂) ဧကအတွက် တောင်သူများသို့ မြေယာ နစ်နာကြေးပေးအပ်

လေးမျက်နှာ စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စည်ပသာယာရေးကော်မတီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မသုသာန်မြေဧရိယာ(.၄၂)ဧကအတွက် တောင်သူများသို့ မြေယာနစ်နာကြေး(၂၄)သိန်းကျော် ပေးအပ်ပွဲကို မန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်းက မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သုသာန်မြေအဖြစ် အသုံးပြုခဲ့သော မြေယာများအတွက် လျော်ကြေးပြန်လည်ပေးအပ်နိုင်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေဖြင့် နစ်နာသူတောင်သူများ၏ တင်ပြတောင်းခံမှုအပေါ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဗဟိုမြေစစ် ကော်မတီက ချမှတ်ထားသည့် မူဝါဒ( ၅၂)ချက်နှင့်အညီ စိစစ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သုသာန် မြေအဖြစ် အသုံးပြုခဲ့သည့် မြေဧရိယာ(.၄၂)ဧကအတွက် လျော်ကြေးငွေများကို ပြန်လည်ပေးအပ်ခြင်း ဖြစ်ကြောင်း၊ မြေယာနစ်နာခဲ့သည့် တောင်သူများ အတွက် တစ်ဧကလျှင် (၁၀)သိန်းနှုန်းဖြင့် ပေးအပ်မည်ဖြစ်ကြောင်း၊ သုသာန်မြေအဖြစ်အသုံးမပြုခဲ့သည့် ကျန်မြေများကိုလည်း တောင်သူများသို့ ပြန်လည်ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက စည်ပင်အဖွဲ့ပိုင် သုသာန်မြေ အသုံးပြုမှုအတွက် မြေယာနစ်နာကြေးပေးအပ်ခြင်းနှင့်ပတ်သက်၍ ဆက်လက် ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးဥက္ကဋ္ဌတို့မှ တောင်သူ ဦးမောင်ကျော်၏ မြေဧရိယာ (.၀၀) ဧကအတွက် မြေယာလျော်ကြေးငွေကျပ် (၁၀)သိန်းကိုလည်းကောင်း၊ တောင်သူ ဦးလှထွန်း၏ မြေဧရိယာ (.၈၁)ဧကအတွက် ငွေကျပ်()သိန်း တစ်သောင်းကို လည်းကောင်း၊ တောင်သူ ဦးအေးမောင်၏ မြေဧရိယာ (.၆၁)ဧက အတွက် ငွေကျပ်()သိန်းတစ်သောင်းကို လည်းကောင်း၊ အဖွဲ့ပိုင်မြို့မသုသာန်မြေ အသုံးပြုဧရိယာ (.၄၂)ဧကအတွက် စုစုပေါင်း မြေယာလျော်ကြေးငွေကျပ် ၂,၄၂၀,၀၀ဝိ/-(နှစ်ဆယ့်လေးသိန်းနှစ်သောင်း)အား တောင်သူများ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

ရွှေမိုး(ပြန်ဆက်)