လှိုင်းဘွဲ စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သော ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် စတုတ္ထ အကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က ကမော့ကချူး၊အထက်ရေပူ၊ဒိုင်းပြနှင့်တာပေါင်းကျေးရွာတို့တွင် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် ကမော့ကချူးကျေးရွာ အိမ်ထောင်စု(၄၁၅)စု၊ အထက်ရေပူ ကျေးရွာ အိမ်ထောင်စု (၅၉၅)စု၊ ဒိုင်းပြကျေးရွာ အိမ်ထောင်စု(၂၈၄)စုနှင့် တာပေါင်းကျေးရွာ အိမ်ထောင်စု(၂၆၄)စု အိမ်ထောင်စု တစ်စုလျှင် ကျပ် (၂၀၀၀၀/-)နှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)