လှိုင်းဘွဲ စက်တင်ဘာ၂၁
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သော ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် စတုတ္ထ အကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က သာယာကုန်းကျေးရွာ၌ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းနှင့် တာဝန် ရှိသူများက သာယာကုန်းကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၅၁၃)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ကျပ် (၂၀၀၀ဝိ/-)နှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)