ဘောဂလိနယ်မြို့၌ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

 ဘောဂလိ၊ စက်တင်ဘာ   ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် (၅၆)နှစ်မြောက်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘောဂလိနယ်မြေရဲတပ်ဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက အမှတ် (၄) ရပ်ကွက်ရှိ  ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်း၌   စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း  သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘောဂလိနယ်မြေရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက  ဘောဂလိမြို့ အမှတ်(၄)ရပ်ကွက်ရှိ  ထေရဝါဒ ဗုဒ္ဓသာသာနာပြုကျောင်း  ခြံဝန်းအတွင်းနှင့်  အပြင်ဘက်ရှိ  မြက်ပင်များ၊ ချုံနွယ်များအား   ခုတ်ထွင်ရှင်းလင်းခြင်း၊  အမှိုက်သိမ်းဆည်းခြင်းနှင့်  လိုအပ်သည်များကို   ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နီလာအေး(ပြန်/ဆက်)