သံတောင်ကြီး၊ စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ သံတောင်မြို့နယ်တွင် နိုင်ငံတော်မှပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က သံတောင်မြို့ပေါ် ရပ်ကွက်များတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို သံတောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောလှမြင့်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သံတောင်မြို့ပေါ်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၁၃၇) စုအတွက် တစ်အိမ်ထောင်လျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၂၂၇၄၀၀၀၀) အား ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)