မိုင်းရှူးမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး အထူးရဲ (၄၅)ဦးခန့်အပ်သွားမည်

မိုင်းရှူး စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းရှူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက် နေ့တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်ရန် အထူးရဲ(၄၅)ဦးခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်၌ ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၇)အုပ်စုတွင်မဲရုံပေါင်း(၄၅)ရုံ လျာထားပြီး မဲရုံလုံခြုံရေး အထူးရဲ(၄၅)ဦးခန့်အပ်သွားမည်ဖြစ်ကြောင်း၊ အထူးရဲမ်ား အနေဖြင့် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာကော်မရှင် အဖွဲ့ခွဲဝင်များနှင့် ပူးပေါင်း၍  ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး အတွက်မဲရုံလုံခြုံရေးကို တာဝန်ယူဆောင် ရွက်ရမည်ဖြစ်ပြီး၂၀၂၀ပြည့်နှစ်၊အောက်တိုဘာလ(၁) ရက်နေ့မှနိုဝင်ဘာလ(၃၀)ရက်နေ့အထိခန့်အပ်တာဝန် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခန့်အပ်သွားမည့် အထူးရဲ(၄၅) ဦး သည် မိုင်းရှူး(၃၁)ဦး၊ ဝမ်ကန်တောင်ပေါ်(၇) ဦးနှင့် မိုင်းစံ (၇)ဦးတို့ဖြစ်ပြီး၊ခန့်အပ်သွားမည့်အထူးရဲများအား အောက်တိုဘာလ(၁) ရက်နေ့မှ(၃၁)ရက်နေ့အထိ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)