သံတောင်ကြီးမြို့တွင် အခြေခံလူတန်းစားများအတွက် စတုတ္ထ အကြိမ် ထောက်ပံ့ငွေပေးအပ်

သံတောင်ကြီး           စက်တင်ဘာ ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်  နိုင်ငံတော်မှပုံမှန် ဝင်ငွေမရှိသော  အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က မြို့ပေါ် ရပ်ကွက်များတွင် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများနှင့် တာဝန်ရှိသူများက သံတောင်ကြီး မြို့ပေါ်ရှိ ပုံမှန်ဝင်ငွေမရှိသော    အခြေခံလူတန်းစား အိမ် ထောင်စုများအား တစ်အိမ်ထောင်လျင် ကျပ်(၂၀၀၀၀/-) နှုန်းဖြင့်  ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ သံတောင်ကြီးမြို့  ပေါ်ရပ်ကွက်(၅)ရပ်ကွက်တွင်  အိမ်ထောင်စု(၁၃၅၉)စု အတွက် ထောက်ပံ့ငွေကျပ် (၂၇၁၈၀၀၀၀/-)  ကိုပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ ပေး အပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)