ဟားခါးမြို့နယ် ဆူရ်ခွါးမြို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တစ်လုံး အမိုးလန်ပျက်စီး

ဟားခါး စက်တင်ဘာ ၂၁

ဟားခါးမြို့နယ် ဆူရ်ခွါးမြို့ စလုံပူးရပ်ကွက်တွင် ယမန်နေ့က လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တစ်လုံး သွပ်မိုး(၁၅)ချပ်ခန့် အမိုးလန်ပျက်စီးခဲ့သဖြင့် ဆူရ်ခွါးနယ်မြေ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါနေအိမ်မှာ ဆူရ်ခွါးမြို့ စလုံပူးရပ်ကွက်မှ သွပ်မိုးသွပ်ကာ၊ ပျဉ်ခင်း(၂) ထပ်ဖြစ်ပြီး လေပြင်းတိုက်ခိုက်မှု ကြောင့် အမိုးလန်ပျက်စီးခဲ့သဖြင့် ဆူရ်ခွါးနယ်မြေမီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးနန်ဇထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အမိုးလန်သည့် သွပ်များကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပြီးနောက် လေဘေးသင့် မိသားစုအား နီးစပ်ရာဆွေမျိုးအိမ်သို့ ပြောင်းရွှေ့နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

လေပြင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် ဆူရ်ခွါးမြို့တွင် နေအိမ်တစ်လုံးအမိုးလန်ပျက်စီး ခဲ့သော်လည်း ထိခိုက် ဒဏ်ရာရရှိသူ မရှိကြောင်း ဆူရ်ခွါးနယ် မြေမီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)