နွားထိုးကြီးမြို့နယ်၌နွေစပါးပျက်စီးဧကအပေါ်မိုးစပါးပြန်လည်အစားထိုးစိုက်ပျိုးရန်မျိုးစပါးများထောက်ပံ့ပေးအပ်

နွားထိုးကြီး၊  စက်တင်ဘာ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ နွေစပါးပျက်စီးဧကအပေါ်မိုးစပါးပြန်လည်အစားထိုးစိုက် ပျိုးရန်မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်းကို စိုက်ပျိုးရေး ဦးစီးဌာန၊မြို့နယ်ဦးစီးမှူးရုံးဝန်းအတွင်းတွင်ယနေ့နံနက်(၉)နာရီကထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။

နွားထိုးကြီးမြို့နယ်တွင်၂၀၁၉-၂၀၂၀ခုနှစ် နွေစပါးရာသီ၌ မြိုင်သာကန်ရေသောက်တွင်(၁၀၀) ဧကလျာထားခဲ့သော်လည်း ခက်လန်းအုပ်စုမြိုင်သာကျေးရွာတွင် (၇၅) ဧကနှင့်ကုက္ကိုဇီးကျေးရွာတွင် (၆၁) ဧကစုစုပေါင်း(၁၃၆)ဧကစိုက်ပျိုးနိုင်ခဲ့ရာ နွေစပါးသီးနှံအတွက်အောင်ရေမရခြင်း၊အောင်မြင်သော အနှံမထွက်နိုင်ခြင်းတို့ကြောင့် ကုက္ကိုဇီးကျေးရွာမှနွေစပါးပျက်စီးမှု (၃၉) ဧကအပေါ်တစ်ဧကလျှင်(၁)တင်းခွဲနှုန်းဖြင့် မိုးစပါးပြန်လည်အစားထိုးစိုက်ပျိုးရန်တောင်သူ(၁၄)ဦးအားမနောသုခမျိုးစပါး စုစုပေါင်း(၅၈)တင်းခွဲကို မြို့နယ်ဦးစီးမှူးဒေါ်ခင်ထားနွယ်ကထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါပေးအပ်ပွဲကိုတက်ရောက်လာသောတောင်သူများအားကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)