ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း သမဝါယမဝန်ထမ်းများအား စားသောက်ကုန် ပစ္စည်းများနှင့် နှာခေါင်း စည်းများ ထောက်ပံ့ပေးအပ်

ဘုတလင်  စက်တင်ဘာ  ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် သမဝါယမဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးကာလအတွင်း ဦးစီးဌာန ဝန်ထမ်းများနှင့် အခြေခံသမဝါယမအသင်း ဝန်ထမ်းများအား စားသောက် ကုန်ပစ္စည်းများနှင့် နှာခေါင်းစည်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း ဝန်ထမ်းများ စားဝတ်နေရေးအတွက် အထောက်အကူ ဖြစ်စေရန် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပြီး ဝန်ထမ်းများ တာဝန်ထမ်း ဆောင်ရာတွင် ရောဂါကြိုတင်ကာကွယ်နိုင်ရန် သတ်မှတ်ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးနှင့် တာဝန်ရှိသူများက ဦးစီး ဌာန ဝန်ထမ်း ၁၇ ဦး၊ အခြေခံသမဝါယမအသင်း ဝန်ထမ်း ၆ ဦး၊ စုစုပေါင်း ဝန်ထမ်း ၂၃ ဦးအား တစ်ဦးလျှင် ဆန် ၄ ပြည်၊ ဆီ ၁ ပိဿာ၊ ကုလားပဲဆံ ၁ ပြည်နှင့် နှာခေါင်းစည်း ၁၀ ခုစီကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)