ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်ရေဖြင့် မိုးစပါး ၁၄၇ဧကစိုက်ပျိုးပြီးစီး

ညောင်ဦး  စက်တင်ဘာ  ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်မှပေးလွှတ်သော လျှပ်စစ်မြစ်ရေတင်ရေဖြင့် မိုးစပါးဧက၁၄၇ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ကျောက်ကူးလျှပ်စစ်မြစ်ရေတင်တာဝန်ခံ ဦးလှမင်းထက်(ဦးစီးအရာရှိ)က ပြောကြားသည်။

ညောင်ဦးမြို့နယ် ကျောက်ကူးလျှပ်စစ်မြစ်ရေတင်ဖြင့်မိုးစပါးစိုက်ပျိုးရန် ဇူလိုင်လ တွင် ပျိုးစတင်ပျိုးထောင်ခဲ့ကြောင်း ဩဂုတ်လဆန်းပိုင်းကစတင်၍ ပျိုးပင်များ လယ်ကွင်း အတွင်းရွေ့ပြောင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။ ကျောက်ကူး လျှပ်စစ်မြစ်ရေတင်ဖြင့်စိုက် ပျိုးသည့် စပါးမျိုးမှာ ဧရာမင်းစပါးတစ်မျိုးထဲသာ တောင်သူများ စိုက်ပျိုးကြပြီး ပျိုးထောင် ရက် ၂၁ရက်အကြာတွင်စိုက်ပျိုးမည့်လယ်မြေအတွင်းရွေ့ပြောင်းစိုက်ရကြောင်းစပါးတစ် သီးရင့်မှည့်ချိန်ထိ ငါးလကြာမြင့်ကြောင်း မိုးစပါး စိုက်တောင်သူများကပြောရှင်းပြ၍သိရ သည်။မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် မိုးစပါးစိုက်တောင်သူများ စပါးသီးနှံရိတ်သိမ်း ပြီးချိန် အထိ တစ်ဧကစိုက်ပျိုးရေသွင်းစရိတ် ၆၀၀၀ကျပ်ပေးသွင်းရပြီး၊နွေစပါးစိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ၉၀၀၀ကျပ် ပေးရကြောင်း ၊အခြားသီးနှံအတွက် ၃၀၀၀ကျပ်ပေးသွင်းရ ကြောင်းသိရသည်။ မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် စပါးများ အထွက်နှုန်းပုံမှန်ကောင်းမွန်ပြီး ရေပေးသွင်းခလည်းတန်လွန်းကြောင်း၊ မိုးစပါးဆိုသော်လည်း ညောင်ဦးဒေသတွင်တစ် နှစ်ပတ်လုံးမှ မိုးရေချိန် ၂၀လက်မအောက်သာရွာသွန်းခြင်းကြောင့် စပါးအောင်ရေအထိ မြစ်ရေတင်ရေသွင်းရကြောင်း တစ်ဧကသွင်းဈေးလည်းတန်လွန်းကြောင်း မိုးစပါးစိုက် တောင်သူများကရှင်းပြသည်။မိုးစပါးစိုက်ပျိုးရာတွင် စပါးတစ်ဧက ကောက်စိုက်သမစိုက် ပျိုးခ (၅၅၀၀၀)ကျပ်ဖြင့်စိုက် ဧကပြတ်စိုက်ပျိုးလာကြကြောင်း မိုးစပါးစိုက်တောင်သူ ဦးမြင့်လွင် ကပြောကြားသည်။

ကိုထိန်၊KPD