သင်္ဃန်းကျွန်းမြို့နယ်တွင် အသွားအလာကန့်သတ်ထားသူများအား ဆန်၊ ဆီ၊ ကုလားပဲ၊ လက်ဖက်၊ ရေသန့်ဘူးနှင့် Mask များ ကူညီထောက်ပံ့ကာ အားပေးစကား ပြောကြား

သင်္ဃန်းကျွန်း စက်တင်ဘာ ၂၁

ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် Lock down သတ်မှတ်ခံရသည့် နေရာ၊ အိမ်၊ တိုက်ခန်းများရှိ မိသားစုဝင်များကို ယမန်နေ့က သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ)နေဘုန်းလတ်၊ အမှတ်(၂)တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ထိုက်နှင့်ကော်မတီဝင်များ၊  We Love Yangon (Thingangyun) မှ အဖွဲ့ဝင်များသည် သင်္ဃန်းကျွန်းမြို့နယ်အတွင်း Lockdown သတ်မှတ်ခံရသည့် နေရာ၊ အိမ်၊ တိုက်ခန်းများရှိ မိသားစုဝင်များကို သွားရောက် အားပေးစကားပြောကြားခဲ့ပြီး ဆန်၊ ဆီ၊ ကုလားပဲ၊ လက်ဖက်၊ ရေသန့်ဘူးနှင့် Mask များအား ကူညီထောက်ပံ့ပေးခဲ့ကြ‌သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ ဆက်လက်ဖြစ်ပေါ်လျက်ရှိ ကာ အဆိုပါပိုးတွေလူနာ နေထိုင်ခဲ့သည့် နေအိမ်နှင့် ထိစပ်မှုရှိခဲ့သည့် နေရာများအား အသွား အလာကန့်သတ် Lockdown အဖြစ် နေထိုင်သူများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ရဲမင်းထွန်း (ပြန်/ဆက်)