မန္တလေး စက်တင်ဘာ ၂၁
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ အောင်မြေသာစံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က အစည်းအဝေး ခေါ်ယူရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးက ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသူများက အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ် စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ အောင်မြေသာစံမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာ ကိုကိုကြီးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများက ဆရာ၊ဆရာမများ စုစုပေါင်း(၄၅)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး (အောင်စံ)