ဒဂုံ(အရှေ့) စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရန် အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်၍ Quarantine Centerကို သူနာပြုနှီးနွယ်သင်တန်း ကျောင်းဝင်းအတွင်းရှိ နှစ်ထပ်ဆောင်၌ စက်တင်ဘာ ၁၈ရက်နေ့မှစတင်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Quarantine Centerတွင် မြို့နယ်အတွင်းနေ ကိုဗစ်-၁၉ရောဂါ Positive လူနာများနှင့် အဓိက ထိတွေ့ သောသူများ အား ထားရှိပြီး စုစုပေါင်းလူဦးရေ(၇၄)ဦးခန့် ကျန်းမာရေး စောင့်ရှောက်မှုခံယူထားရှိကြောင်းသိရသည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်မှုခံယူနေသောပြည်သူများအတွက် အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးဦး ဆောင်သောအဖွဲ့များနှင့် OKK မုန့်တိုက်တို့မှ ကိတ်မုန့်များ၊ ပေါင်မုန့် များအား Quarantine Centerစောင့်ကြပ်သူများမှတစ်ဆင့် ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)