တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် လူနေအိမ်တစ်ခြမ်းပျက်စီးကာ ဆင်နှာမောင်းဖြင့် ပုတ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဝဲဘက်နံဘေးဒဏ်ရာရရှိ

ငရုတ်ကောင်း   စက်တင်ဘာ   ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု၊ သစ်တိုပင် ကျေးရွာ၊ မြစ်တစ်ရာသစ်တောကြိုးဝိုင်း၊ လုပ်ကွက်အမှတ် ၈၉ တွင် ယမန်နေ့နံနက် ၁ နာရီခွဲခန့်က တောဆင်ရိုင်းများ ဝင်ရောက် ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်ပွားမှုတွင် သစ်တိုပင် ကျေးရွာရှိ ဦးထွန်းရီသည် ဇနီး၊ သားသမီး၊ မြေးများနှင့် နေအိမ်၌အိပ်ပျော်နေစဉ် တောဆင်ရိုင်း (၈) ကောင်မှာ နေအိမ်အားဝင်ရောက်ဖျက်ဆီးခဲ့ရာ နေအိမ်တစ်ခြမ်း ပျက်စီးပြီး ဦးထွန်းရီ၏ သမီးဖြစ်သူ မပြည့်ဖြိုးဇင်သည် ၎င်း၏သားဖြစ်သူ (၃)နှစ်အရွယ်ကလေးငယ်အား ပွေ့ချီ၍ထွက်ပြေးစဉ် ဆင်နှာမောင်းဖြင့် ပုတ်ခတ်ခံရမှုကြောင့် မပြည့်ဖြိုးဇင်၏ ဝဲဘက်နံဘေး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)