လပွတ္တာ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်နိုင်ရေးအတွက် တတိယအကြိမ် ထောက်ပံ့ငွေ ထပ်မံပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ ရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၃၁၀၀၅)အား တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀,၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၂၀,၁၀၀,၀၀၀/-)အား သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဦးက လွှဲပြောင်း ပေးအပ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ မိမိတို့ ရပ်ကွက်/ကျေးရွာအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကျော်မြင့် (ပြန်ဆက်)