ဓနုဖြူမြို့တွင် နေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွား

ဓနုဖြူ  စက်တင်ဘာ     ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းတွင် ယနေ့နံနက် ၀၅ နာရီ ၄၅ မိနစ်အချိန်ခန့်က နေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဓနုဖြူမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနေ နေအိမ်အပေါ်ထပ်ရှိ အဲယားကွန်း SAFE GUARD အပူလွန်ကဲ၍ မွေ့ယာပေါ်သို့ မီးပွားကျရာမှ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် (၂၀×၄၀)ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျင်ခင်း နှစ်ထပ်လူနေအိမ် အဆောက်အဦ အပေါ်ထပ် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနောင်နောင်ဦးဆောင်၍ မီးသတ် တပ်အဖွဲ့ဝင် (၂၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍  မီးငြှိမ်းသတ်ယဉ် (၂)စီး၊ မီးသတ် ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၀၅ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)