ဒေါပုံ စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ဖွင့်လှစ်ထားရှိသော Community Base Quarantine Centre ရှိ Quarantine ဝင်ရောက်နေသူများ ရေသုံးစွဲခြင်း အဆင်ပြေစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့ နံနက်(၁၁)နာရီအချိန်က သုံးရေကို သွားရောက်လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။
ထို့သို့သွားရောက်လှူဒါန်းခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်အောင်ဦးမှ ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ရေဂါလံ (၁၆၀၀) ဂါလံအား လှူဒါန်းပေးခဲကြောင်း သိရသည်။ ဒေါပုံမြို့နယ်ရှိ Community Base Quarantine Centre တွင် Quarantine ဝင်ရောက်သူများကို စက်တင်ဘာ (၁၇)ရက်နေ့တွင် စတင်ထားရှိရာ ယမန်နေ့အထိ (ကျား-၂၄ ဦး၊ မ-၃၃ ဦး) စုစုပေါင်း(၅၇)ဦး ရှိကြောင်း သိရသည်။
သဲစုစုလွင်(ပြန်ဆက်)