ကောလင်း စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေး ဝန်ထမ်းများအတွက် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်းခြင်းကို ယမန်နေ့က မြို့နယ် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီအဖွဲ့နှင မြို့နယ်ပြည်သူ့ ဆေးရုံသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ကမ္ဘာ့တစ်ဝန်းတွင် ဖြစ်ပေါ်လျက်ရှိသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်သော အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများကို အဝေးရောက် ကောလင်းသူ၊ ကောလင်းသားများမှ PPE ဝတ်စုံ(၂၆)စုံနှင့် GLOVE(၂)ဗူး၊ ဦးကျော်လှ+ဒေါ်အေးရီ မိသားစုမှ PPE ဝတ်စုံ (၁၅) စုံ၊ ဦဂကျော်စိန်+ဒေါ်လှလှဝင်း မိသားစုမှ PPE ဝတ်စုံ (၁၀)စုံ၊ ဦးကျော်ခင်ကြီး+ဒေါ်သန်းပုနှင့် ဦးလေးအောင်+ဒေါ်ကြီးမိသားစုမှ PPE ဝတ်စုံ (၅)စုံ၊ ဦးဝဏ္ဏအောင် (လ/ထညွှန်မှူး) စည်ပင်+ဒေါ်ဥမ္မာလွင် မိသားစုမှ အလှူငွေ ၅၀၀၀၀ ကျပ်၊ ဦးမြင့်အောင်+ ဒေါ်မိုးမိုးမြင့်အောင် (ရွှေပန်းတိမ်) မိသားစုမှ ၁၀၀၀၀၀ ကျပ်၊ ဦးမြင့်ဇော်ထွေး+ဒေါ်ဟန်စုယဉ်မိသားစုမှ ၃၀၀၀၀ ကျပ်၊ ဦးဖိုးပြား+ဒေါ်ရီဖိန့် (လပြည့်ဝန်း ဖိနပ်ရောင်း/ဝယ်ရေး) မိသားစု Mask (၂၅၀၀)ခု နှင့် Face Shield (၁၀၀) ခုတို့ကို လာရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လာရောက်လှူဒါန်းမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးရဲမြတ်သိန်း၊ မြို့နယ်ဆရာ ဝန်ကြီး ဒေါက်တာမိုးဆွေ၊ မြို့နယ်အထောက် အကူပြု ကော်မတီ ဦးစန်းအောင်နှင့် အဖွဲ့တို့က လက်ခံရယူပြီး၊ အလှူရှင်များမှ လှူဒါန်းသော အထောက်အကူပြု ပစ္စည်းများအား ကောလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဆက်လက်ဖြန့်ဝေ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
မြင့်ထွန်းမင်း(ကောလင်း)