ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း နယ်လှည့်ရောင်းချနေသော မိုဘိုင်းဈေးသည် များပြားလာ

ရွာသစ် စက်တင်ဘာ ၂၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း နယ်လှည့်ရောင်းချနေသော မိုဘိုင်းဈေးသည်များ များပြားလာကြောင်း သိရှိရသည်။

ထိုသို့ နယ်လှည့်ရောင်းချရာတွင် လွိုင်ကော်မြို့မှ ရွာသစ်မြို့သို့ မိုင်(၇၀)ကျော်ခန့်ဝေးသောခရီးအား ကားများဖြင့်သော်လည်း ကောင်း၊ မော်တော်ဆိုင်ကယ်များဖြင့်သော်လည်းကောင်း အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ ကုန်စိမ်း ကုန်ခြောက်အမျိုးမျိုး စသည်တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရွာသစ်မြို့သို့(၂)ရက်ခြား(၃)ရက်ခြားတစ်ခါ အလှည့်ကျ၍ လာရောက် ရောင်းချပေးလျက်ရှိ ကြောင်း မိုဘိုင်းဈေးသည်များလည်း အဆင်ပြေလျက်ရှိကြ ကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရသည်။

နန်းဆွေဆွေအေး(ပြန်/ဆက်)