လောင်းလုံး စက်တင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံငွေနှင့် နှာခေါင်းစည်း(Mask)များပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉နာရီအချိန်ကပန်းတင်အင်း ကျေးရွာ အုပ်စု၊ စခန်းသစ်ကျေးရွာ၌ သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံငွေများ ပေးအပ်ရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဗိုလ်ထွေး၊ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန္ဒီနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ တိုင်းဒေသကြီးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နွေးနွေးစိုး၊လောင်းလုံး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံထူး နှင့်လောင်းလုံး မြို့နယ်မှတာဝန်ရှိ သူ များရေဘေး သင့်သောလောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာ အုပ်စု၊စခန်းသစ်ကျေးရွာ တွင် ရေဘေး သင့် အိမ်ထောင်စု( ၇၆) စု၊လူဦးရေ(၂၂၆)ဦးအတွက်(၇)ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ(၄၇၄၆၀၀) ကျပ်နှင့် နှာခေါင်းစည်း(Mask) များအား သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)