မိုဝိုင်းလွတ်မြို့တွင် နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ပေးအပ်သည့်ထောက်ပံ့ငွေများကို ပေးအပ်

မိုဝိုင်းလွတ် စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်၊ မိုဝိုင်းလွတ်မြို့တွင်    ကိုဗစ်-၁၉ရောဂါ ကာလအတွင်း နိုင်ငံတော်မှ  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အတွက် အိမ်ထောင်စု ( ၁ ) စုလျှင် ကျပ် ၂၀၀၀၀/- နှုန်းဖြင့် ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

 မိုဝိုင်းလွတ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ( ၁၇၈ ) စုရှိပြီး  အဆိုပါ အခြေခံလူတန်းစားများ အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့ငွေ ကျပ် ၃၅၆၀၀၀၀/- ဖြစ်ကြောင်း သိရသည်။

မိုဝိုင်းလွတ်( ပြန်/ဆက် )