မိုဝိုင်းလွတ် စက်တင်ဘာ ၂၁
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကေရစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ခန္တီးခရိုင်၊ မိုဝိုင်းလွတ်မြို့တွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များက ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ မှန်ကန်စွာ ကြေညာဆောင်ရွက်နိုင်ရေး အတွက် ယနေ့နံနက်ပိုင်းက ထပ်မံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ စစ်ဆေးရာတွင် ပထမအကြိမ် ထုတ်ပြန်ထားသည့် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ပြန်လည် ကြေညာနိုင်ရေးအတွက် ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲဝင်များထံ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားမှုများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မိုဝိုင်းလွတ်(ပြန်/ဆက်)