အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ပေါက်ခေါင်း   စက်တင်ဘာ   ၂၁

ပေါက်ခေါင်းမြို့နယ် ရပ်ကွက်၊ကျေးရွာအုပ်စုများအတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီး ဘိုးဘွားများအတွက်(ဇူလိုင်၊ဩဂုတ်၊ စက်တင်ဘာ) လတို့အတွက် နိုင်ငံတော်မှချီးမြှင့်ထောက် ပံ့ခဲ့သည့် လူမှုရေးပင်စင် (၃၀၀၀၀)ကျပ်ကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာနရုံးတွင် တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးများထံသို့ ထပ်ဆင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ အဘိုး အဘွား တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် သက်ကြီး ဘိုးဘွား(၇၃၇)ဦး အတွက် ထောက်ပံ့ငွေ(၂၂၁၁၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)