ဟိုပန် စက်တင်ဘာ ၂၁
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား COVID-19 ရောဂါကာကွယ်ထိန်းချုပ်စဉ်ကာလအတွင်း နိုင်ငံတော်မှ တတိယအကြိမ်ထောက်ပံငွေများကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်း ဦးဆောင်၍ ရပ်ကျေးစာရေးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသည် အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပန်လုံမြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၂၂၆) စု အား အိမ်ထောင်စု တစ်စုလျှင်ငွေကျပ်(၂၀၀၀၀/)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၄၅၂၀၀၀၀/)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ပန်လုံပြန်/ဆက်