လှိုင်သာယာမြို့ နယ်တွင် အမှတ်(၁၅)အခြေခံပညာအထက်တန်းကျောင်းခွဲကို Quarantine Centre အဖြစ်ထပ်မံဖွင့်လှစ်ရန် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် 

လှိုင်သာယာ(အနောက်ပိုင်းစက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာမြို့နယ်၌ ကိုဗစ်၁၉ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ သူများအား သီးခြားနေထိုင်စောင့်ကြည့်နိုင်ရေးအတွက် Quarantine Centreအဖြစ် ထပ်မံဖွင့်လှစ်ရန် အမှတ်(၁၅) အခြေခံပညာ အထက်တန်းကျောင်းခွဲကို ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ က သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စာသင်ခုံများအား စနစ်တကျစီပေးခြင်း ရေချိုးရန်နေရာနှင့် သန့်စင်ခန်းများ ဆောင်ရွက်ပေးခြင်း၊ လက်ဆေးဘေစင်များထားရှိပေးခြင်း တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာထားရှိနိုင်ရေး များဆောင်ရွက်ပေးခဲ့ပြီး လှိုင်သာယာမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိအဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)