ပန်လုံ စက်တင်ဘာ ၂၁
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် KBZ bank တို့ပူးပေါင်း၍ MCCT အစီအစဉ်ဖြင့်ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်လုံမြို့ရှိ ကိုယ်ဝန်ဆောင်မိခင်(၃၅)ဦး၊ (၂)နှစ်အောက်ကလေး(၄)ဦး၊ စုစုပေါင်း (၃၉)ဦးကို တစ်လလျှင် (၁၅၀၀၀/)ကျပ်နှုန်းဖြင့် (၆)လစာကို ဟိုပန်မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးသက်နှင့်KBZ bank မှ တာဝန်ရှိသူများက ထောက်ပံ့ပေး အပ်ခဲ့ပါသည်။ယခုထောက်ပံ့ပေးအပ်ခြင်းသည် MCCT အစီအစဉ်ဖြင့် စာရင်းကောက်ယူစဉ် ဖုန်းနံပါတ်မပါသူများအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။
ပန်လုံပြန်/ဆက်