လှိုင်းဘွဲ စက်တင်ဘာ ၂၂
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ သော ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့က ကွမ်တာကျေးရွာ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းနှင့် တာဝန်ရှိသူများက ကွမ်တာကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု (၃၇၅) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကျပ် (၂၀၀၀၀/-)နှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)