မင်္ဂလာဒုံ​မြို့နယ် Community Base Facility Quarantine Centre သို့ အလှူငွေကျပ် သိန်း(၃၀)နှင့် PPE ဝတ်စုံ (၁၀၀) လာရောက်လှူဒါန်း

မင်္ဂလာဒုံ စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် မြို့နယ် အတွင်း ရောဂါကူးစက်ပြန့်နှံမှုများ မရှိစေရေးအတွက် ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း Community Base Facility Quarantine Centre) တွင် သီးခြားနေထိုင်စောင့်ကြည့်မှုများ ဆောင်ရွက်ထားရှိရာ ၎င်း Quarantine ဝင်ရောက်‌နေသူ ကျား (၇၂)ဦး၊ မ (၁၀၁)ဦး၊ စုစုပေါင်း (၁၇၃)ဦးနှင့် စေတနာ့ဝန်ထမ်း အတွက် အလှူရှင်များက အလှူငွေများနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယမန်နေ့ ညနေ ၅ နာရီက အဆိုပါ စင်တာသို့ လာ​ရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

​ရှေးဦးစွာ ကန့်သတ်ရေးစင်တာရှိ Quarantine ဝင်ရောက်နေထိုင်သူများ စားသောက်ရေး အဆင်ပြေ စေရန်အတွက်  ပေါက်ကုန်း ရပ်ကွက် အလှူရှင်  ဦးနိုင်ဦး မိသားစုက ကျပ်သိန်း (၃၀) နှင့် PPE ဝတ်စုံ အစုံ(၁၀၀)အား လာရောက်လှူဒါန်းရာ မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်း လက်ခံရယူခဲ့သည်။ အလားတူ ထောက်ကြန့်ရတနာ စျေးသူ/သားများက ကျပ် (၁၅၃၁၀၀၀/)၊ ထောက်ကြန့်တောင်ပိုင်း ဦးဉာဏ်လင်း မိသားစုက ကျပ် (၄၁၀၀၀၀/)၊ ထောက်ကြန့်စျေး ရွှေပဒေသာ စတိုးဆိုင် မိသားစုက ကျပ်(၄)သိန်းနှင့် တော်ဝင်မိသားစု ကုန်စုံဆိုင်က ကျပ်(၄)သိန်း၊ တွဲလက်ညီညာ ပရဟိတအဖွဲ့ (အထက- ၁)က ကျပ်(၃)သိန်းနှင့် အခြား အလှူရှင်များကလည်း ကြက်ဥ၊ ကော်ဖီမစ်၊ သောက်ရေသန့်ကတ်များလည်း အသီးသီး‌ပေးအပ်လှူဒါန်း ခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌနှင့်‌ ကော်မတီဝင်တို့က လက်ခံခဲ့​​ကြောင်း သိရသည်။

ဇင်ငြိမ်း(ပြန်ဆက်)