မင်္ဂလာဒုံမြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကို Community Base Facility Quarantine Centre အဖြစ် ထပ်မံတိုးချဲ့ဖွင့်လှစ်

မင်္ဂလာဒုံ စက်တင်ဘာ ၂၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများမရှိစေရေး ကြိုတင်ကာကွယ်သည့် အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား သီးခြားနေထိုင်စောင့်ကြည့်မှုများကို ပြုလုပ်သွားနိုင်ရေးအတွက် Community Base Facility  Quarantine Centre အဖြစ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းကို စက်တင်ဘာ ၂၀ ရက်နေ့ မှ စတင်၍ ထပ်မံတိုးချဲ့ဖွင့်လှစ်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ (Primary Contacts) (၁၇၃) ဦးရှိပြီး ယခု အထက(၁)ကျောင်း၌ အမျိုးသားများအတွက် တစ်ခန်းလျှင်  (၇) ဦးနှုန်းဖြင့် (၁၃) ခန်း ၊ အမျိုးသမီးများအတွက် တစ်ခန်းလျှင် (၇) ဦးနှုန်းဖြင့် (၁၈) ခန်း​၊ စုစုပေါင်း (၂၁၇) ဦး ထားရှိရန် လျာထားပြီး ယနေ့မှစ၍ ထားရှိမည်ဖြစ်ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ (Primary Contacts) များအား အသွားအလာကန့်သတ်မှုများကို ဆောင်ရွက်နိုင်ရေးအတွက်  စက်တင်ဘာလ (၁၆)ရက်နေ့မှ စတင်၍ ထောက်ကြန့်ပညာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်းကို Community Base Facility Quarantine Centre အဖြစ် ဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်အထိ ပညာရေးစီမံခန့်ခွဲမှု သင်တန်း ကျောင်းတွင် Quarantine ဝင်ရောက်နေသူ (၁၇၃)ဦးထိရှိကြောင်း သိရပြီး မြို့နယ်အတွင်း အသွား အလာကန့်သတ်မှုများကို ဆောင်ရွက်နိုင်ရေးအတွက် Community Base Facility Quarantine Centre အဖြစ် ကျောင်း(၂)ကျောင်းကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဇင်ငြိမ်း(ပြန်/ဆက်)