ဝန်းသို စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ထုံးဘိုကျေးရွာ၊ အင်းမကျေးရွာ၊ အလယ် ကျွန်းကျေးရွာများတွင် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)အဖွဲ့မှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း အသိပညာပေး ခြင်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း စတုတ္ထအကြိမ်မြောက် ချေးငွေပြန်လည်ထုတ်ချေးပေးခြင်းလုပ်ငန်း များကို ယမန်နေ့ကပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း အသိပညာပေးပြောကြားရာတွင် မြို့နယ်စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအကြောင်းကို လည်းကောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့် ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထွန်းလတ်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးသူ တို့က မိမိတို့ဌာနမှ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောဆွေး နွေးခဲ့ကြသည်။
ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း က မြစိမ်းရောင် ကျေးရွာစီမံကိန်းအကြောင်းနှင့် စီမံကိန်းလုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ထုံးဘို+အင်းမ+အလယ်ကျွန်း) ၃ရွာတစ်ယူနစ်အတွက် စတုတ္ထအကြိမ်မြောက် ချေးငွေ ပြန်လည်ထုတ်ပေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ (၆)ဦး၊ မွေးမြူ ရေးလုပ်ငန်းဆောင်ရွက်သူ(၈၇)ဦး၊ အသေးစားရောင်းဝယ်ရေး လုပ်ငန်းဆောင်ရွက်သူ (၃) ဦး စုစုပေါင်း တောင်သူ (၉၆) ဦးတို့ကို စီမံကိန်းချေးငွေကျပ် ၄၆၂ သိန်းအား ကျေးရွာပြည်သူများ လက်ဝယ်အရောက် ပြန်လည်ထုတ်ချေးပေးခဲ့ပြီး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)