ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအနေဖြင့် ဈေးဆိုင်များ ဆိုင်ထိုင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

ချောင်းဆုံ စက်တင်ဘာ ၂၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မြို့ပေါ်(၃)ရပ်ကွက် နှင့် ကျေးရွာများရှိ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကာလအတွင်း ဆိုင်ထိုင်စားသောက်ခွင့်မပြုကြရန်၊ ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များနှင့်အညီရောင်းချနိုင်ရန်၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ စေပြီး စည်းကမ်းလိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက်/ကျေးရွာများရှိစားသောက်ဆိုင်များတွင် စည်းကမ်းလိုက်နာမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာ ပေးလုပ်ငန်းများကို ဒုတိယ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးရဲထွန်းနောင်၊ စည်ပင် အမှုဆောင် အရာရှိ ဦးအုံးသန့်၊ နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့်ပူးပေါင်းပြီး ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထူးအိမ်(ပြန်/ဆက်)