ပန်ဆောင်မြို့ပေါ်ရပ်ကွက် သုံးရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

ပန်ဆောင် စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ပေါ် ရပ်ကွက်သုံးရပ်ကွက်ရှိ ပုံမှန် ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေ များ ‌ပေးအပ်ခြင်းကို ယမန်နေ့ကစတင်၍ ပန်ဆောင်မြို့အုပ်ချူပ်ရေးမှူး ဦးမျိုးမင်းဦးနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာရောက် သွားရောက်‌‌ထောက်ပံ့‌ ပေးအပ်လျက်ရှိ‌ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပန်ဆောင်မြို့အုပ်ချူပ်ရေးမှူး ဦး‌မျိုးမင်းဦးနှင့် တာဝန်ရှိသူများက ပန်‌ဆောင်မြို့ ပေါ်ရပ်ကွက် သုံးရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ် ထောင်စု(၂၉၆)စုအတွက် တတိယအကြိမ် အဖြစ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၅၉၂၀၀၀၀) အား ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိနေသေး သည့် အိမ်ထောင်စုများအား ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဂျာယော်(ပြန်ဆက်)