(၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်

ပန်ဆောင်   စက်တင်ဘာ    ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက နယ်မြေရဲစခန်းမှ စခန်းမှူး ဒုရဲအုပ်ဦးသိန်းလွင်နှင့် တပ်ဖွဲ့ဝင်များက ပန်ဆောင်မြို့ အထက် ရပ်ကွက်ရှိ ထေရဝါရဗုဒ္ဓသာသနာပြု ကျောင်းနှင့် ပြည်သူ့ဆေးရုံတို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဂျာယော်(ပန်ဆောင်)