အင်တော စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုတို့အား စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်၍ နိုင်ငံတော်မှထောက်ပံ့သည့် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ ၉ နာရီအချိန် က မြို့ပေါ်(၆)ရပ်ကွက်သို့ ကွင်းဆင်း၍ ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် အင်တောမြို့ပေါ်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုတစ်စု လျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် အိပ်ထောင်စု (၁၁၆)စုတို့အား ထောက်ပံ့ငွေ (၂၃၂၀၀၀၀ကျပ်) ကို မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေး၊ မီးသတ်ဦးစီးဌာနမှ တာဝန်ခံ ဦးဝင်းမောင်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
အောင်ခိုင် (အင်တော)