သရက် စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက် - ကံမ ကားလမ်းပေါ်ရှိ နတ်စင်လမ်းနှင့် သတ္တဌာနဘုရားလမ်းဆုံရာတွင် ပထမဆုံးလမ်းဆုံမီးပွိုင့်နှင့် Control Room စတင် အသုံးပြုနေမှု အား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့နေ့လယ် (၂) နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးမျိုးဝင်းတို့က လမ်းဆုံ မီးပွိုင့်နှင့် Control Room စတင် အသုံးပြုနေမှုအား ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ အန္တရာယ် ကင်းရှင်းစွာသွားလာနိုင်ရေးအတွက်တာဝန်ရှိသူများက အလေးထား ဆောင်ရွက်ကြ ရန်နှင့် ရေရှည် တည်တံ့စေရေး စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)