သဲကုန်း စက်တင်ဘာ ၂၂
ပဲခူးတိုင်ဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ခွဲမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အောင်ဆန်းစာကြည့်တိုက်ခန်းမနှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ စနစ်တကျထားရှိ၍ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ပင်စင်လစာများအား စနစ်တကျ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ အောင်ဆန်း စာကြည့်တိုက်ခန်းမအတွင်းနှင့် စီးပွားဘဏ်အတွင်းသို့ ဝင်ရောက်လျှင် စနစ်တကျ လက်ဆေးခြင်း၊ အပူချိန်တိုင်း ကိရိယာဖြင့် အပူချိန်တိုင်းပေးခြင်းကို ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။
ပင်စင်လစာငွေများကို စက်တင်ဘာ(၂၁)ရက်မှ (၂၃)ရက်နေ့အထိ နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ပြီး ၎င်းနေ့ရက်များတွင် ထုတ်ယူခြင်း မရှိသူများအား မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်ခွဲရုံးတွင် ရုံးဖွင့်ရက် ရုံးချိန်အတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေး ဘဏ်ခွဲမှ သိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)