မော်လမြိုင် စက်တင်ဘာ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ Community Based Facility Quarantine ထားရှိသော ပညာရေးကောလိပ် နှင့်(၁၀)မြို့နယ်ဆောင်သို့ ယမန်နေ့ ညနေပိုင်း၌ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ Quarantine ထားရှိသော ကွပ်ကဲရေးရုံးတွင် လိုအပ်ချက်များအပေါ် လမ်းညွှန် မှာကြားခြင်း ဖြည့်ဆည်းပေးရန်ရှိသည်များ ဖြည့်ဆည်းပေးခြင်းနှင့် Volunteer များ၏ ကျန်းမာရေး နှင့်အညီ စားသောက်နေထိုင်သွားကြရန် မှာကြားပြီး Volunteer များ၏လိုအပ်ချက်များ အား တွေ့ဆုံ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)