ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် လမ်းဆုံမီးပွိုင့်များ ဆက်လက်တပ်ဆင်

ပြင်ဦးလွင်၊ စက်တင်ဘာ  ၂၂

ပြည်သူများယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍  ပြင်ဦးလွင်မြို့နယ်အတွင်းရှိ လူစည်ကားရာ လမ်းဆုံတို့၌ ယမန်နေ့မှစတင်ပြီး မီးပွိုင့်များအား ဆက်လက် တပ်ဆင်ဆောင်ရွက်လျက် ရှိသည်။

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများသွားလာရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လမ်းဆုံမီးပွိုင်များကို မန္တလေး - လားရှိုးလမ်းတစ်လျှောက်ဖြစ်သည့် အနီးစခန်းဘူတာလမ်းဆုံ၊ ထောက်ပို့လမ်းဆုံနှင့် အခြားလူအသွားအလာများသည့် နေရာတို့၌ စနစ်တကျတပ်ဆင်ပေးခြင်း လုပ်ငန်းများကို တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ  ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လမ်းဆုံမီးပွိုင်များတပ်ဆင်ပေးခြင်းကြောင့် ပြည်သူများယာဉ်ကျောပိတ်ဆို့မှုများနှင့် ယာဉ်မတော် တဆဖြစ်ပွားမှုများ မရှိနိုင်ပါကြောင်းနှင့် မိမိတို့လိုရာခရီးကို အဆင်ပြေစွာသွားလာနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

ဇော်မျိုးထိုက် (ပြင်ဦးလွင်)