ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်းရေလှောင်တမံအတွင်းသို့ ငါးမျိုးများစိုက်ထည့်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတပေါများရေး၊ ငါးစားသုံးမှုမြင့်မားရေး၊ ကျေးလက်နေပြည်သူများဝင်ငွေရရှိစေရေး ရည်ရွယ်၍ ဆည်၊ တာတမံများ အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်း က ဇေယျာသီရိမြို့နယ်၊ ရေဆင်းရေလှောင်တမံအတွင်း ဆောင်ရွက်ခဲ့သည်။