ယင်းမာပင်ရေလျှံဇုန်အတွင်း ပုဂ္ဂလိကပိုင်စိုက်ပျိုးရေတွင်းနှင့် သောက်သုံးရေတွင်း(၁၁၀၀)ကျော်ကို ယခုဘဏ္ဍာနှစ်တွင် အထောင်ပိုက်နှင့် ဂိတ်ဘားများ တပ်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ
ယင်းမာပင်ရေလျှံဇုန်အတွင်းရှိ ပုဂ္ဂလိကပိုင်ရေတွင်းများနှင့် သောက်သုံးရေတွင်း (၁၁၀၀)ကျော်အား မြေအောက်ရေ အလေအလွင့်မရှိစေရေးနှင့် ရေကို စနစ်တကျအသုံးပြုကာ ထိန်းသိမ်းတတ်လာရေးအတွက် ရေလျှံတွင်းများအား အထောင်ပိုက်များနှင့် ရေဂိတ်ဘားများ တပ်ဆင်ပေရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ခရိုင်ဦးစီး မှူး ဦးမောင်မောင်သန်းထံမှ သိရသည်။