စုကလိ၊ စက်တင်ဘာ ၂၂
အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်မည့် (၅၆)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ ယနေ့နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ ရန်အောင်မြင်စေတီနှင့် မြို့ဦးဘုန်းတော်ကြီးကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် စုကလိနယ်မြေရဲစခန်းမှူး ရဲအုပ်စိုးသီဟဦးဆောင်မှုဖြင့် တပ်ရင်းတပ်ဖွဲ့များပူးပေါင်း၍ ရန်အောင်မြင်စေတီနှင့် မြို့ဦးဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများ ပြန်လည်တူးဖော်ခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေးတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပိုပိုအောင်(ပြန်/ဆက်)