ငါန်းဇွန်မြို့၌ ၂၀၂၀ပြည့်နှစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တမ်း ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ မြို့မအားကစားကွင်း မိုးလုံလေလုံအားကစားရုံအတွင်းတွင် ယမန်နေ့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တမ်း ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။