ကျောက်ပန်းတောင်း-ရေနံချောင်းလမ်း အဝင်ဂိတ် စစ်ဆေးရေးဆောင်ရွက်မှုများကို မြို့နယ် ကိုဗစ်ကော်မတီတာဝန်ရှိသူများ သွားရောက်စစ်ဆေး

ကျောက်ပန်းတောင်း၊  စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောက်ပန်းတောင်း-မကွေးလမ်းမြို့အဝင် ကောင်းမွန်ဂိတ်အလွန်တွင် ဖွင့်လှစ်ထားရှိသည့် စစ်ဆေးရေးဂိတ်များကို ယနေ့မွန်းလွဲ (၂) နာရီက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် ကော်မတီဝင်များသည် ကျောက်ပန်းတောင်း-မကွေးလမ်းအဝင် ကောင်းမွန်တိုးဂိတ်အလွန်တွင်ဖွင့်လှစ်ထားရှိသည့် စစ်ဆေးရေးဂိတ်ရှိဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေမျာကို သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)